ဪ..... လူ့ပြည်လောက၊ 

လူ့ဘဝကား၊အိုရနာရ သေရဦးမည်၊မှန်ပေသည်တည်း။ ။

သို့တပြီးကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်ဧ။် ။ ။

သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။ ။ ။ 

သင် ... ဦးချ၍၊

အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊
ပြောင်လက်၊ ဝင်းလျှက် ကျန်စေသတည်း။ 

ဇော်ဂျီ (၁၉၃၅)